Skip to main content

Voter intimidation and threats in Karen state ကြောက်လို့ ကြံ့ဖွတ်ကို မဲပေးခဲ့

A Karen citizen spoke of intimidation during the voting process to Burma Election Tracker: "I was at home but heard the election news by broadcast. I voted for USDP. The polling station was not a secure place while voting. I felt like I was closely watched all the time. I would not feel safe for my family if I did not vote for USDP. Many people were watching when I cast my vote. Some people were taking photos, but they looked like they were trying to stay unnoticed. There was some intimidation. Some USDP members were there also. Security officers were in civilian clothes. There was no violence though. There were a fairly high number of voters. My family cast their votes as well. They too voted for USDP as we did not want to put our family into trouble. There was some verbal campaigning inside the polling station while voting. My family was also frightened. Before we voted we were told to vote for USDP. We were told that we will be able to travel freely if we vote for USDP. This is an unjust election. Many people feel angry with USDP. They are intimidating people to get votes for themselves. " ရွေးကောက်ပွဲကျင်းပခြင်းကို သတင်းကအစုံအလင် ကြားမိပါတယ်။ ကျနော် အိမ်မှာပဲ ရှိနေပါတယ်။ ကြံ့ဖွံ့ပါတီကို မဲပေးခဲ့တယ်။ မဲပေးတဲ့အချိန်တွင် လုံခြုံမှုသိပ်မရှိပါဘူး။ သူတို့ဘေးမှာ စောင့်ကြည့်သလိုကြီးခံစားရတယ်။ ကြံ့ဖွံ့ကို မဲပေးခဲ့တယ်။ မပေးရင် မိသားစုအတွက်စိတ်မချရပါဘူး။ မဲပေးတဲ့အခါ စောင့်ကြည့်တဲ့လူအများကြီးရှိပါတယ်။ ကင်မရာရိုက်တဲ့လူရှိပါတယ်။ ဒါပေမဲ့ မထင်ပေါ်အောင်နေတဲ့ပုံပဲ။ ခြိမ်းခြောက်မှုရှိပါတယ်။ မဲရုံမှာလည်း ကြံ့ဖွံ့အ၀င်တွေ မသိမသာရှိနေပါတယ်။ မဲပေးတဲ့အခါ ပြောတာရှိပါတယ်။ လုံခြုံရေးကတော့ အရပ်ဝတ်တွေနဲ့ရှိပါတယ်။ အကြမ်းဖက်မှုက ဘာတခုမှ တွေ့ရပါဘူး။ မဲရုံအနီး ရှိပါတယ်။ မဲပေးသူတွေက အသင့်တင့်ရှိပါတယ်။ ကျနော်မိသားစုလည်း သွားပေးကြတယ်။ မိသားစုအတွက် ပြသနာဖြစ်မှာစိုးလို့ ကြံ့ဖွံ့ပါတီ မဲပေးခဲ့ပါတယ်။ မဲပေးတဲ့အခါ အမိန့်ဆန်ဆန်တိုက်တွန်းတာတော့ ရှိပါတယ်။ မိသားစုလည်း ခြိမ်းခြောက်ခံရတယ်။ မဲပေးဖို့ အိမ်ကပြောလာတာ ရှိပါတယ်။ ကြံ့ခိုင်ရေးပါတီပေါ့...။ ကြံ့ခိုင်ရေးပါတီကို မဲပေးရင် ခရီးသွားခွင့်ရနိုင်တယ်လို့ သူတို့ပြောတယ်။ ရွာဥကဌက အိမ်မှာ လာရောက်မဲတောင်းတာရှိပါတယ်။ ကြံ့ခိုင်ရေးပါတီပေါ့..။ ကျနော်ကြိုတင်မဲနဲ့ထည့်ခဲ့တယ်။ ဒီရွေးကောက်ပွဲတွင် မတရားသောရွေးကောက်ပွဲဖြစ်တယ်။ မဲထည့်သူတွေက ကြံ့ခိုင်ရေးပါတီကို မကျေနပ်ကြပါဘူး။ ဒီပါတီဟာ ခြိမ်းခြောက်မဲတောင်းတဲ့ပါတီဖြစ်တယ်။ အားလုံးက မကျေနပ်ကြပါဘူး။ ဒီရွေးကောက်ပွဲအပေါ် စိတ်မ၀င်းစားပါဘူး။

Date/Time: 
Sun, 2010-11-07 (All day)